Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
1.56M subscribers
871,784 views
0

 Published On Apr 29, 2024

Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် က တောဟိန်းတောင် ဗျူဟာကုန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သား ရာနဲ့ချီ သေကုန်ကြတဲ့ အပြင် ခြေဦးတည့်ရာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ရခိုင့်တပ်တော် AA က လိုက်လံရှင်းလင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က အကြမ်းဖက် စစ်ကောင်ရဲ့ ဆင်ဘို ခလရ ၁၄၁ တပ်ရင်း စခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းရရှိခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒု/ဗိုလ်မှူးကြီးကို ဒဏ်ရာတွေနဲ့ အရှင်ဖမ်းဆီးရရှိထားပြီး ၊ ခမရ ၄၃၈ တပ်ရင်းမှူး၊ ဒု-ဗိုလ်မှူးကြီးကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပဲ သေသွားပြီလို့ KIA ရှေ့တန်း သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အကြမ်းဖက် စစ်ကောင်စီတပ်က စစ်မှုထမ်း အတ်စဉ် ၂ အတွက် နိုင်ငံတစ်ဝှမ်းမှာ လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးပေါ်တာဆွဲတာတွေ တောက်လျှောက်လုပ်နေပြီး ရန်ကုန် နဲ့ မန္တလေးမြို့ပေါ် တွေမှာပါ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူငယ်တချို့ ဖမ်းဆီးခံရမှုတွေရှိနေတဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed